The N3ed to H@Ck

 


ကျွန်တော်တို့ ဆီမှာ ဘယ်သူမှထည့်မတွေးတဲ့ အကြောင်းလေးတွေ နည်းနည်းလောက် စပြောပါရစေ။
 ခင်ဗျား လုပ်ငန်းရဲ့ လုံခြုံရေး စမ်းသပ်မှုတွေပြုလုပ်ရာမှာ ခင်ဗျားကုမ္ပဏီတွင်းမှ စည်းမျဉ်းတွေကတော့ security testing အပေါ် စီမံရေးပိုင်းမှ မည်သို့ မြင်တယ်ဆိုတဲ့အပေါ်မှာပဲမူတည်ပေမယ့်၊ ခင်ဗျားအနေနဲ့ ခင်ဗျား လုပ်ငန်းနှင့်သက်ဆိုင်တဲ့ နိုင်ငံတော်၊ ဗဟိုအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် ပြဌာန်းချက်တွေကို ထည့်စဉ်းစားဖို့လိုပါတယ်။


ဥပမာ - Health Insurance Portability and Accountability Act (HIPAA), Health Information Technology for Economic and Clinical Health (HITECH) Act, Gramm-Leach-Bliley Act (GLBA), North American Electric Reliability Corporation (NERC) CIP requirements, and Payment Card Industry Data Security Standard (PCI DSS) များကဲ့သို့ ပြဌာန်းချက်များ ဗဟိုအစိုးရ ပြဌာန်းချက်များ၊ Canadian Personal Information Protection and Electronic Documents Act (PIPEDA), the European Union Data Protection Directive, and Japan’s Personal Information Protection Act (JPIPA) ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ The Union of Myanmar The State Peace and Development Council The Electronic Transactions Law (http://unpan1.un.org/…/p…/documents/un-dpadm/unpan041197.pdf) TelecommunicationLaw(http://www.dfdl.com/…/Telecommunications_Law_2013____KTD.pdf) များကဲ့သို့ဖြစ်ပါတယ်။


ဘာပဲဖြစ်ဖြစ် ယေဘူယျအနေနဲ့ ခင်ဗျား သိထားသင့်တာက၊ ခင်ဗျားစနစ်တွေလည်း ကမ္ဘာအနှံ့က Hacker တွေနှင့်၊ ရုံးထဲက malicious user တွေရန်က မလွတ်ဘူးဆိုတာပါပဲ။ များစွာသော အချက်အလက် လုံခြုံရေး အားနည်းချက်တွေက အခြေခံအန္တရာယ်မရှိ ကြပေမယ့်၊ များစွာသော အားနည်းချက်တွေကို တစ်ချိန်တည်းမှာ တိုက်ခိုက်ခြင်းသည် စနစ်တွေပေါ်မှာ ဆိုးဝါးစွာထိခိုက်စေပါတယ်။ ဥပမာ - Windows OS configuration ရဲ့ defult အခြေအနေတစ်ခု၊ SQL Server ရဲ့ အားနည်းတဲ့ administrator password သို့မဟုတ် ၎င်းကို ကြိုးမဲ့ကွန်ယက်ပေါ်မှာ ချိတ်ဆက်ထားခြင်းေ
တွက အဓိက လုံခြုံရေးဆိုင်ရာအချက်တွေဖြစ်ပေမယ့်၊ hacker တစ်ယောက်က ထိုအားနည်းချက်သုံးမျိုးစလုံးကို တစ်ပြိုင်တည်းတိုက်ခိုက်တဲ့အခါ အရေးကြီး အချက်အလက်တွေ ပေါ်ထွက်လာနိုင်ပါ တယ်။ တချို့က ရှုပ်ထွေးအောင်လုပ်လေလေ ပိုလုံခြုံလေလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ရှုပ်ထွေးနေတဲ့ ကြိုးတွေကိုပဲ ရှင်းကြည့်ပါ၊ ခင်ဗျားအတွက် အရေးကြီးတဲ့ ကြိုးတစ်ချောင်းကို ခင်ဗျားကိုယ်တိုင် ဆွဲဖြတ်မိတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဟုတ်ပါတယ်၊ ရှုပ်ထွေးမှုက လုံခြုံးရေးရဲ့ အဓိက ရန်သူပါပဲ။ ဖြစ်နိုင်ချေရှိတဲ့ အားနည်းချက်တွေ၊ နဲ့ တိုက်ခိုက်မှုတွေက social media နှင့် cloud computing တွေကြောင့် ပိုမိုများပြားလာခဲ့ပါတယ်။ ၎င်းအရာနှစ်ခုက IT နယ်ပယ်မှာ တိုင်းတာလို့မရနိုင်တဲ့ နည်းပညာရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။


ခင်ဗျားကိုယ်တိုင်အပါအ၀င် ခင်ဗျားပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေက social engineering တိုက်ခိုက်မှု ပြုလုပ်နိုင်ရန် အကောင်းဆုံး အားနည်းချက်တွေပါပဲ။ အချို့ hacking တွေမှာ၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေပါဝင်ရပါတယ်၊ အဆောက်အဦးထဲခိုးဝင် ခြင်း၊ laptop ခိုးခြင်း၊ ဖုန်းခိုးခြင်း နှင့် အမှိုက်ပုံးရှာဖွေခြင်း (dumpster diving), နောက်မှ ခိုးကြည့်ခြင်း (shoulder surfing), ခိုးနားထောင်ခြင်း (eavesdropping) စတာတွေက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေဖြစ်ပါတယ်။ တိုက်ခိုက်ခြင်းများကို ခွဲခြားကြည့်ရင် - 

Network Infrastructure attacks – network များစွာကို အင်တာနက်မှတဆင့် ၀င်ရောက်ရန် ဖြစ်နိုင်တာကြောင့် network infrastructure တိုက်ခိုက်ခြင်းတွေ လွယ်ကူစွာဖြစ်ပေါ်စေပါတယ်။ ဥပမာ တချို့မှာ -
- Firewall တစ်ခုနောက်မှ လုံခြုံမှုမရှိတဲ့ wireless access point ကို ချိတ်ဆက်ခြင်း
- TCP/IP နှင့် Net Bios ကဲ့သို့ network protocol များမှာရှိတတ်တဲ့ အားနည်းချက်ကို တိုက်ခိုက်ခြင်း
- Network တစ်ခုကို request packet များစွာပို့၍ flooding လုပ်ခြင်း၊ DoS (denial of service) တိုက်ခိုက်ခြင်း
- Network segment တစ်ခုအပေါ်မှာ network analyzer တစ်ခု တပ်ဆင်၍ ၎င်းကိုဖြတ်သွားတမျှ packet တွေကို စောင့် ကြည့်ဖမ်းယူခြင်းများ ဖြစ်ပါတယ်။


Operating system (OS) attacks တွေကို ဆိုးသွမ်းသူတွေပိုကြိုက်ကြပါတယ်။ ဘာကြောင့်လည်းဆိုရင် ကွန်ပျူတာတိုင်းမှာ OS ရှိပြီး၊ OS တွေအတွက် လူသိများတဲ့ တိုက်ခိုက်မှုတွေရှိတာကြောင့်ပါ။ ဥပမာ တချို့မှာ -
-လွဲမှားနေတဲ့ Patch တွေကို တိုက်ခိုက်ခြင်း
-Built-in ပါတဲ့ authentication စနစ်ကို တိုက်ခိုက်ခြင်း
-Password တွေပြောင်းခြင်း၊ ဖျက်ခြင်းများ ဖြစ်ပါတယ်။


Application နှင့် အခြား အထူးပြု app တွေကို တိုက်ခိုက်ခြင်းက - Hacker တွေအများဆုံး သုံးတဲ့ နည်းလမ်းတွေပါ။ အီးမေးလ် ဆာဗာ ဆော့ဖ်ဝဲတွေနှင့် web application တွေ ကဲ့သို့ ပရိုဂရမ်တွေ အများအားဖြင့် တိုက်ခိုက်ခံရပါတယ်။ ဥပမာ တချို့မှာ -
- Hypertext Transfer Protocol (HTTP) and Simple Mail Transfer Protocol (SMTP)၊ firewall အများစုက ဒီလို service တွေကို အ၀င်အထွက်  ခွင့်ပြုထားကြလို့ပါ။
- Voice over Internet Protocol (VoIP)
- Database system စသည် ဖြစ်ပါတယ်





Post a Comment