Andriod/Smart Phone (သို့ မဟုတ်) Hacker များ၏ Target
                        Andriod/Smart Phone (သို့ မဟုတ်) Hacker များ၏ Target
       Hacker အများစုက အခုဆိုရင် အသုံးပြု့ မှု များလာသော Andriod Phone များကို အဓိ အနေနဲ့ 
ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားလာကြပါတယ်။ နည်းပညာ ခေတ်ကြီး တိုးတတ်လာတာနဲ့ အမျှ
Hacker တွေရဲ့ တိုက်ခိုက်ဖို့ ခြေလှမ်းတွေဟာ လည်းတစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲလို့ လာခဲ့ပါတယ်။
အရင်ကဆိုရင် Computer User တွေပေါ်ဘဲအများစုက တိုက်ခိုက်ဖို့  ကြိုးစားလာခဲ့ကြတာဖြစ်ပါတယ်။
အပေါ် တိုက်ခိုက်ဖို့  ကြိုးစား မူတွေများစွာရှိလာပါတယ်။ ခုချိန်မှာတော့ လူတိုင်းလိုလို Phone တစ်လုံးတော့
၇ှိနေပါပြီ အမည်မသိ Phone ကုမ္မဏီတွေကလည်း များစွာ မှိုလို ပေါက်လာခဲ့ကြပါပြီ။
ဒီတော့ Phone ဈေး
ကွက်ဟာ သိသိ သာသာ ကျယ်ပျံ့ လာသည်နှင့်အမျှ Service များမှာလည်း သိသိ သာသာလိုလို ပါဝင်လာ
ပါတယ်။ အရင်က ဆက်သွယ်လို့ ရရင် ပြီးရော ဆိုတဲ့ ဖုန်းအမျိုးအစားတွေက နေ ခုဆိုရင် App တွေ များ
စွာပါဝင်သုံးစွဲ နိုင်တဲ့ ဖုန်းအမျိုးအစားပေါင်းများစွာ ထွက်၇ှိလာခဲ့ပါပြီ။ ဒီတော့ ဖုန်းကုမ္မဏီတွေရဲ့ ဆားဗစ်
ပေးမူ ကြောင့် ခုဆိုရင် ဖုန်း တိုင်းလိုလိုမှာ Mobile Market ဆိုတာကြီး မပါမဖြစ်နေရာက နေရပ်တည်လာခဲ့ပါတယ်။ အများစုကလည်း Open Source အနေနဲ့ ရရှိလာကြတော့
Mobile Market တွေပေါ်မှာ Free Application များစွာကို ကျွန်တော်တို့  ရယူနိုင်ပါသည်။ ထိုကြောင့်
Hacker များအနေဖြင့်လည်း မိမိ target များကို spyware,malware,trojans,backdoor များရောက်ရှိအောင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားလာကြပြီး customer user phone များကို control လုပ်နိုင်အောင် ကြိုးပမ်း လာကြပါသည်။
ပုံမှန်အားဖြင့်တော့ အချက် ၄ မျိုးနဲ့ Attack ပြု့ လုပ်နိုင်ပါတယ်။
1. Trojan Attack
2. Malware Attack
3. Spyware Attack
4. Backdoor Attack
1. Trojan Attack
               မကြာသေးခင်ကမှ ဖြစ်သွားတဲ့ Chinese Hacker Group တစ်ခုမှ ရေးသားသော Hummer အမည်ရ trojan တစ်မျိုး ဟာဆိုရင် တစ်နေ့ ကို Phone 63,000 နှုန်းနဲ့ ကူးစက်မူတွေရှိခဲ့ပါတယ်။
 Hummer Trojan ရဲ့ အလုပ်လုပ်ပုံကတော့ ရိုးရိုးရှင်းရှင်းလေးပါဘဲ။ မိမိ Phone ရဲ့ နောက်ကွယ်ကနေ Application တွေကို Auto Download/Install ပြု့ လုပ်လေ့၇ှိပါတယ်။ မြန်မာပြည်မှာတောင် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် အများစုတော့ Hummer Trojan Infected ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ လဲ ဘယ်လို ကူးစက်မူတွေ ဖြစ်ခဲ့လဲစတင်လေ့လာကြရအောင်။Hummer Trojan ရဲ့ အဓိက Target 
ယူသွားတာကတော့ Mobile Market တွေနဲ့  Phone မှာပါပြီးသား Applicationတွေကြောင့်ဘဲဖြစ်ပါတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ China ဖုန်းအများစုကနေ ကူးစက်မူ များတာဖြစ်ပြီးတော့ Mobogenie Market တို့ ကနေ အဓိက ကူးစက်မူစတင်ခြင်းပါဘဲ။ Phone တိုင်းလိုလိုမှာ Install လုပ်ထား
ပြီးသား Application တွေဟာ ပါလာပြီးသားဖြစ်ပါတယ်။ Hacker တွေက ၄င်း App တွေကို စတင် Inject
လုပ်လာကြပါတယ်။ Chinese Hacker Group သုံးသွားတဲ့ နည်းကတော့ Android’s Master Key Vulnerability ကိုအခြေခံပြီး Exploit အနေနဲ့ ပြု့ လုပ်သွားတာပါ ဒီနည်းကို Injector Team(0day) မှာ ၀ယ်ယူနိုင်တယ်လို့ လည်းသိရပါတယ်။  ဒါပေမယ့် အဲ့ Vulnerability က encrypted signature ပါရှိသော်လည်း legitimate ဖြစ်မဖြစ်သာ check out လုပ်နိုင်ပြီး tampered  မလုပ်နိုင်ပါဘူး။
ဒီတော့ လူအများစု စိတ်ဝင်စားနိုင်တော့ အရာများနဲ့  ဖြန့် ဝေခဲ့ခြင်းမျိုးဖြစ်ပါတယ်။ ဒါပေမယ့် Hammer Trojan က Full Control လုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ပုံမှန်တိုင်းဘဲ Application တွေ နောက်ကွယ်ကနေ Download ရယူပြီး Install လုပ်နေခဲ့ပါတယ်။ ဒီ Hummer Trojan ကို ရေးသားခဲ့တဲ့ Chinese Hacker
2. Malware Attack
                   Malware Attack နဲ့ ပတ်သက်ပြီး နည်းနည်းတော့ ကြာခဲ့ပြီဖြစ်တဲ့ Android Skullkey ဆိုတဲ့ Malware ရှိခဲ့ဖူးပါတယ်။ Andriod Skulley နဲ့  ပက်သက်ပြီး လူသိနည်းပါသေးတယ်။
ဘာလို့ လဲဆိုတော့ Andriod Skulley က နောက်ကွယ်ကနေ မိမိ ဖုန်းကို လိုသလို Control ရယူနိုင်
တဲ့ Malware အမျိုးအစားမျိုးဖြစ်ပြီး တော်တော်များများသတိ မထားမိခဲ့ ကြပါဘူး။  Android’s Master Key Vulnerability ကိုအခြေခံပြီး Exploit အနေနဲ့ ပြု့ လုပ်သွားတာပါဘဲ ပိုပြီး ဆိုးလာခဲ့အချက်က Skulley ကူး
စက်ခံရတဲ ဖုန်း အများစုမှာ  Bluebox သည် applicaton’s code အား ပြောင်းလဲ လိုကြောင်း signature  ပြသပေးပြီး Trojans အား install လုပ်ရင် ဖုန်းအတွင်း၌ data များ ဖတ်ခြင်း၊
 ဖုန်း password/pattem များ၊ record phone call ၊ photo များ၊ carry out other function များကို harvest လုပ်မ/ လုပ်  မေးမြန်တတ်ပါတယ်။ ၄င်း Malware ဟာဆိုရင် မူလ၇ှိပြီးသား app တွေကို ကူးစက်
စေနိုင်ပြီး ကူးစက်မူခံထားရတဲ့ app တွေမှာဆိုရင် ကူးစက်မူခံရလို့ error တတ်တယ်ဆိုတာ မရှိပါဘူး။
 ဒါပေမယ့် ဒီ malware ဟာဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ကူးစက်မူ မရှိဘူးလို့ ယူဆထားနိုင်ပါသေးတယ်။
3. Spyware Attack
                        Spyware လို့ ပြောလိုက်တာနဲ့ အများစုပြေးမြင်မိမှာကတော့ Mspy ဘဲဖြစ်မယ်လို့ ထင်
၇ှင်းပါတယ်။ Spyware ကူးစက်ခံထားရတဲ့ Phone တွင်းမှသူလုပ်နိုင်တဲ့ အရာတွေကို Server (သို့)
Mail တွေဆီကို လှမ်းပို့ ပေးလေ့၇ှိပါတယ်။ spyware အများစုကတော့ ကူးစက်ခံရပြီဆိုရင် လုံးဝကိုမသိ
သာနိုင်လောက်အောင်ပါဘဲဘာလို့ လဲဆိုတော့ Install လုပ်ထားတဲ့ App List မှာ Hide လုပ်ပေးထား
နိုင်သလို Data Traffic out မှာလည်း Hide လုပ်ပေးထားပါတယ်။ ပိုဆိုးတဲ့အချက်က တကယ်လို့ ကိုက
Process တည်းကနေ၀င်ကြည့် လို့ မြင်ရင်တောင် Uninstall လုပ်မရအောင် Password တွေနဲ့ ကာကွယ်
ထားလေ့ရှိပါတယ်။ spyware အများစုကတော့ Install လုပ်ပြီးတာနဲ့ ပျောက်သွားလေ့ရှိပါတယ်။ App List
တည်းမှာလည်း Install လုပ်ထားပေမယ့် မပေါ်တတ်ပါဘူး။ ဒါဆိုရင် သင်သတိထားသင့်နေပါပြီ။
ဒီနည်းက မြန်မာပြည်မှာ ခေတ်စားခြင်း မရှိသေးပါဘူး။
4. Backdoor Attack 
                          backdoor ဆိုရင်တော့ တော်တော်များများခေါ်ဆိုကြတဲ့ နောက်ဖေးပေါက်လေးတဲ့။
 ဟုတ်ပါတယ် backdoor ရဲ့ သဘောတရားက တကယ်ကို နောက်ဖေးပေါက် လို့ ကိုခေါ်ဆိုသင့်ပါပေတယ်။
ဘာလို့ လဲဆိုတော့ မိမိ Phone Hack ခံရပြီ ဆိုတာ သိလို့  ပြန်ပြီး ဖျက်မယ် hack မရတော့အောင် ပိတ်ပင်
တယ်ဆိုရင်တောင် backdoor ဆိုတဲ့ အရာကျန်၇ှိနေသေးရင် ကို ဖျက်သမျှ ပိတ်ပင်ထားသမျှဟာအလဟသ
ပါဘဲ။ ဥပမာ Hummer trojan နဲ့ သွားတူပါတယ်။ မိမိဖုန်း Virus ကူးစက်ခံရပြီဆို၇င် အများစု လုပ်
တတ်ကြတာကတော့ factory Reset ချခြင်းပါဘဲ။ ဒါပေမယ့် Hummer Trojan မှာတော့ Factory Reset
မှာ Stop လုပ်ပြီး  service disable လုပ်မယ်ဆိုရင်တောင် ဖုန်း power reset လုပ်လိုက်တာနဲ့  ပြန်လည်
Run နေတာမျိုးဖြစ်ပါတယ်။ backdoor ကို နောက်ဖေးပေါက်လေး လို့ ခေါ်ဝေါ်ရတဲ့အချက်က ဒါကြော်င့ပါ
ဘဲ မိမိ က မလာစေချင်လို့  အိမ်ရှေ့ တံခါးပိတ်သော်လည်း နောက်ဖေးမှ မိမိမသိ အောင် ၀င်ဝင်လာတတ်
ပါတယ်။ ဒီနည်းကို Trojan / Malware တွေမှာသာ အသုံးများတာကိုလည်းတွေ့ ရှိရပါတယ်။ Backdoor ဆိုတာ trojan /malware တစ်ခုခုကို install လုပ်မိပြီဆိုတာနဲ့ အများစုက backdoor code တွေကိုထည့်သွင်းထားကြပါတယ် ။ ဘာလို့ လဲဆိုတော့ သူတို့  application ကိုဖျက်မယ်ပိတ်ပင်မယ်
ဆိုရင်တောင် ဘယ်လည် Run နိုင်အောင်ဘဲဖြစ်ပါတယ်။
တယ်။ နောက်ပိုင်းအခြေ အနေတွေမှာလဲ Hacker တွေရဲ့ Target ဖြစ်လာသည်နှင့်အမျှ နည်းလမ်းပေါင်း
များစွာ ရှိလာနိုင်ပါသေးတယ်။ ဒီတော့ သင်လုပ်သင့်တဲ့အချက်တစ်ခုက မိမိ ဖုန်းမှာ Anti Virus Software
တစ်မျိုးမျိုးကို ထည့်သွင်းထားသင့်ပါတယ်။ နောက်ပြီး မိမိ မသိတဲ့ App တွေဆိုရင် သိပ်ပြီး Install မလုပ်
သင့်ပါဘူး။ အဓိကအားဖြင့် Phone Hacking နဲ့  ဆိုင်နဲ့  Tools တွေပါ။ အများစုကတော့ ADS တွေထည့်
တတ်ပြီး အနည်းစုကတော့ Trojan / Malware တွေကို ထည့်သွင်းထားတတ်ပါတယ်။မိမိ အသုံးပြု့ လိုတဲ့
Software တစ်စုံတစ်ရာ၇ှိရင်တောင် Official Website တွေကနေ သွားရောက်ရယူရင်အကောင်းဆုံး
ပင်ဖြစ်ပါတော့သည်။
Post a Comment